Deutsche Post DHL Group

စံနှုန်းလိုက်နာခြင်းသည် DHL Group အတွင်း၌ နေထိုင်မှုနည်းလမ်းတစ်ခု ဖြစ်သည်။ စံနှုန်းလိုက်နာမှုသည် လူတိုင်း၏တာဝန် ဖြစ်သည်!

ဥပဒေနှင့်ညီပြီး ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော စီးပွားရေးသာလျှင် ကျွန်ုပ်တို့၏စီးပွားရေးဖြစ်သည်! ကျွန်ုပ်တို့အားလုံးသည် ၎င်းကိုထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခုစီဖြင့် ပါဝင်ကြသည်။
သံသယဖြစ်ဖွယ် မလျော်မကန်ပြုမှု သို့မဟုတ် တရားမဝင် အလေ့အကျင့်တစ်ခုခုကိုတွေ့ပါက အစီရင်ခံရန် သင့်အား တိုက်တွန်းလိုသည်။ သင် ၎င်းကို BKMS® System System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်းစနစ် )မှတစ်ဆင့် လုပ်နိုင်ပြီး ကျွန်ုပ်တို့ကုမ္ပဏီကို ကူညီနိုင်ပါသည်။
၎င်းကို သင်တွေ့ရှိပါက၊ ပြောပြပါ၊ သို့မှသာ ၎င်းကို ကျွန်ုပ်တို့ ရပ်တန့်နိုင်မည် ဖြစ်သည်!

စံနှုန်းလိုက်နာခြင်းသည် အခြေခံအားဖြင့် မှန်ကန်သောအကျင့်ကိုကျင့်ခြင်းနှင့် ကျွန်ုပ်တို့၏ကျင့်ထုံးဥပဒေ၊ ကျွန်ုပ်တို့၏ပေးသွင်းသူကျင့်ထုံး သို့မဟုတ် ကျွန်ုပ်တို့၏လူ့အခွင့်အရေး မူဝါဒထုတ်ပြန်ချက်ကဲ့သို့သော ဥပဒေ၊ စည်းမျဉ်းများနှင့်ပြည်တွင်းမူဝါဒများကို လိုက်နာခြင်းကို ဆိုလိုသည်။ DHL Group အတွင်း လိုက်နာမှုသည် အလုပ်ရှင်၊ ဝန်ဆောင်မှုပေးသူနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရွေးချယ်မှုတို့၏ အဓိကသော့ချက်ဖြစ်သည်။

ကျွန်ုပ်တို့၏စံနှုန်းများကို မလိုက်နာပါက ကျွန်ုပ်တို့အားလုံးအတွက် ဆိုးရွားသောအကျိုးဆက်များ ရနိုင်သည်။

ထို့ကြောင့် မလျော်မကန်ပြုမှုတစ်ခုခုကို သင်သံသယရှိပါက ကျေးဇူးပြု၍ ဤ BKMS® System System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်းစနစ် ) (သို့) ဤစာမျက်နှာတွင်ဖော်ပြထားသော အခြားချန်နယ်များကို သုံး၍ ပြောဆိုတိုင်ကြားရန် မတွန့်ဆုတ်ပါနှင့်! ဤချန်နယ်သည် စိုးရိမ်ပူပန်မှုများအား အမည်ဝှက်ဖြင့် အစီရင်ခံနိုင်မည့် အခွင့်အလမ်းကိုလည်း ကမ်းလှမ်းထားသည်။

ကျေးဇူးပြု၍ မှတ်သားထားရမည်မှာ ဤစနစ်သည် ကုန်ပို့ဆောင်ခြင်းနှင့်ပတ်သက်သော လုပ်ငန်းလည်ပတ်မှုဆိုင်ရာတိုင်ကြားမှုများကို မစီမံပေးပါ။ ကုန်ပို့ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုများကို Deutsche Post ၏သက်ဆိုင်ရာအဆက်အသွယ်ဌာနများဖြစ်သော
(https://www.deutschepost.com/en/business-customers/contact.html)
သို့မဟုတ် DHL
(https://www.dhl.com/global-en/home/contact-us.html) ထံသို့ ပေးပို့ရမည်။

ကျွန်ုပ်သည်မည်သည့်အတွက်ကြောင့် အစီရင်ခံစာတစ်စောင် တင်သွင်းသင့်သနည်း?
ဤစနစ်မှတစ်ဆင့် မည်သည့်အစီရင်ခံစာမျိုးကို တင်ပြနိုင်သနည်း?
အစီရင်ခံစာတင်သွင်းရန်လုပ်ငန်းစဉ်ဆိုသည်မှာ အဘယ်နည်း? စာတိုက်ပုံးဆိုသည်မှာ အဘယ်နည်း၊ ယင်းကို မည်သို့တပ်ဆင်ရမည်နည်း?
အစီရင်ခံစာတင်ရန် မည်သည့်ချန်နယ်လိုင်းကို ကျွန်ုပ်သုံးသင့်ပါသနည်း?
ကျွန်ုပ်၏အစီရင်ခံစာကို မည်သူလက်ခံရရှိမည်နည်း? လက်တုံ့ပြန်ခြင်းမရှိနိုင်ကြောင်း ကျွန်ုပ်မည်သို့သေချာသိနိုင်သနည်း?
ကျွန်ုပ်သည် တုံ့ပြန်ချက်ကို မည်သို့လက်ခံရရှိပြီး တစ်ချိန်တည်းတွင် အမည်မသိအောင် မည်သို့ထားပေးပါသနည်း?
တယ်လီဖုန်းမှတစ်ဆင့်အစီရင်ခံစာတင်ပြခြင်းသည် BKMS® VoiceIntake နှင့် မည်သို့အလုပ်လုပ်ဆောင်သနည်း?
ဤချန်နယ်မှတစ်ဆင့် ဒေတာချိုးဖောက်မှုများကို ကျွန်ုပ်အစီရင်ခံနိုင်သလား?
ဤချန်နယ်မှတစ်ဆင့် နှောင့်ယှက်မှုကို ကျွန်ုပ်သတင်းပေးပို့၍ရနိုင်ပါသလား?