ကိုယ်ရေးလုံခြုံမှုသတိပေးချက်
ကျွန်ုပ်တို့သည် ဒေတာအကာအကွယ်နှင့်လျှို့ဝှက်ချက်ကို အလွန်အလေးအနက်ထားပြီး EU အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်း (EU-GDPR) ပါပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော အမျိုးသားဒေတာကာကွယ်မှုဆိုင်ရာစည်းမျဉ်းများကို လိုက်နာသည်။ သင်အစီရင်စာတစ်စောင် တင်သွင်းသည့်အခါ ကျွန်ုပ်တို့သည် မည်သည့်အချက်အလက်များနှင့် သက်ဆိုင်ပါက မည်သည့်ကိုယ်ရေးကိုယ်တာဒေတာများကို စီမံဆောင်ရွက်သည်ကို အောက်တွင်ရှင်းပြပေးထားသည်။ အစီရင်ခံစာမတင်ပြမီ ဤကိုယ်ရေးလုံခြုံမှုသတိပေးချက်ကို သေချာစွာဖတ်ပါ။
မည်သူက တာဝန်ရှိပါသနည်း?
ဤကိုယ်ရေးလုံခြုံမှုသတိပေးချက်သည် အောက်ပါတို့မှ ဆောင်ရွက်သောဒေတာစီမံဆောင်ရွက်မှုအတွက် အကျုံးဝင်သည်-
Deutsche Post AG
Global Compliance Office
Charles-de-Gaulle-Straße 20
53250 Bonn
ဂျာမနီ
gco@dpdhl.com
သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ စီမံဆောင်ရွက်မှုနှင့် ပတ်သက်၍ သင့်တွင် မေးမြန်းစရာများရှိပါက ဒေတာကာကွယ်ရေးအရာရှိအား ဆက်သွယ်ပါ-
Deutsche Post AG
Global Data Protection
53250 Bonn
ဂျာမနီ
datenschutz@dpdhl.com
မည်သည့်ကိုယ်ရေးကိုယ်တာဒေတာများကို စီမံဆောင်ရွက်ပေးသနည်း?
Deutsche Post AG သည် DPDHL (Deutsche Post AG နှင့်၎င်း၏အဖွဲ့များ) အတွက် အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်းကို ထိန်းသိမ်းထားသည်။ အဖြစ်အပျက်သတင်းပေးပို့ခြင်းစနစ်ကို အသုံးပြုခြင်းသည် မိမိဆန္ဒအလျောက်ဖြစ်သည်။ အကယ်၍ သင်သည် အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း စနစ်မှတစ်ဆင့် အစီရင်ခံစာတစ်ခုတင်ပြလျှင် ကျွန်ုပ်တို့သည် အောက်ပါကိုယ်ရေးကိုယ်တာ ဒေတာများနှင့် သတင်းအချက်အလက်များကို စုဆောင်းပါသည်-
- သင်၏အမည်ကိုဖော်ပြရန် သင်ရွေးချယ်လျှင် သင်၏အမည်၊
- သင်သည် DPDHL တွင် အလုပ်လုပ်သူဟုတ်မဟုတ်နှင့်
- သင်၏အစီရင်ခံစာ၌ သင်ဖော်ပြသောပုဂ္ဂိုလ်များ၏အမည်များနှင့် အခြားကိုယ်ရေးကိုယ်တာဒေတာများ။
သင်အစီရင်ခံစာတစ်စောင်ကို တယ်လီဖုန်းမှတစ်ဆင့်တင်ပြသောအခါ သင်၏အသံကို အသံသွင်းထားပါလိမ့်မည်။ တယ်လီဖုန်းခေါ်ဆိုမှုတစ်ခုစီ၏အစ၌ သင်၏စကားပြောသံကို အသံဖိုင်အဖြစ်မှတ်တမ်းတင်ရန်အတွက် သင်၏ ခွင့်ပြုချက်ကို ကျွန်ုပ်တို့ တောင်းခံပါမည်။ ထို့ပြင် ဤပုံစံဖြင့်တင်ပြသောအစီရင်ခံစာပုံစံများအတွက် အထက်တွင်ဖော်ပြထားသော ကိုယ်ရေးကိုယ်တာဒေတာအမျိုးအစားများကို စာဖြင့်ကူးယူမှတ်တမ်းတင်ခြင်းဖြင့် စုဆောင်းထားသည်။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာဒေတာများစုဆောင်းပြီး မည်သည့်တရားဥပဒေကိုအခြေခံသနည်း?
အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်းစနစ် (BKMS® System) သည် DPDHL ၏ လိုက်နာမှုစည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် ပတ်သက်၍ အစီရင်ခံစာများကို လုံခြုံစိတ်ချစွာလက်ခံရယူခြင်း၊ လုပ်ဆောင်ခြင်းနှင့်စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။ ၎င်းသည် ဥပဒေချိုးဖောက်ခြင်း သို့မဟုတ် DPDHL ကျင့်ဝတ်ချိုးဖောက်ခြင်းဆိုင်ရာအစီရင်ခံစာများကိုလက်ခံရရှိရန်အထူးရည်ရွယ်ပြီး DPDHL လူ့အခွင့်အရေးမူဝါဒထုတ်ပြန်ချက် (သို့) DPDHL အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စီးပွားရေးကျင့်ဝတ်မူဝါဒကဲ့သို့သော နောက်ထပ်မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်စည်းမျဉ်းများကို ဖော်ပြပေးထားသည်။ ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို တိကျသောရည်ရွယ်ချက်များနှင့် ထိုသို့လုပ်ဆောင်ရန်အတွက် တရားဥပဒေအရအခြေခံရှိသည့်နေရာများတွင်သာ စီမံဆောင်ရွက်သည်။ သင်ဒေတာချိုးဖောက်မှုများကိုအစီရင်ခံလိုလျှင် သို့မဟုတ် အခြားဒေတာကာကွယ်မှုဆိုင်ရာအသိပေးချက်များပြုလုပ်လိုပါက ဒေတာပေါက်ကြားမှုများကိုအစီရင်ခံရန် DPDHL ၏ ပြည်တွင်းလုပ်ငန်းစဉ်ကိုလိုက်နာပါ၊ သို့မဟုတ် သင်၏ဒေတာကာကွယ်ရေးအမှုဆောင် သို့မဟုတ် ဒေတာကာကွယ်ရေးအရာရှိကို ဆက်သွယ်ပါ။ အဆက်အသွယ်အသေးစိတ်ကို ဤနေရာတွင် တွေ့နိုင်ပါသည်။
ကျွန်ုပ်တို့၏ website ကိုဝင်ရောက်ကြည့်ရှုပါ
BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း )သည် EU သတင်းပေးတိုင်ကြားခြင်းဆိုင်ရာ ညွှန်ကြားချက်အတိုင်း ၎င်း၏အသုံးပြုသူများအား အမည်ဝှက်ထားရန်အတွက် အာမခံပေးနိုင်ရန် စီစဉ်ပုံဖော်ထားသည်။ IP လိပ်စာများကဲ့သို့သော သင့်ကွန်ပျူတာနှင့် အဖြစ်အပျက်သတင်းပို့ခြင်းအကြား ဆက်သွယ်ရေးကို တည်ဆောက်ရန်လိုအပ်သောဒေတာများကို BKMS® System တွင် သိမ်းဆည်းမည်မဟုတ်ဘဲ session (ကဏ္ဍ) တစ်ခု၏ သတ်မှတ်ကာလအတွင်း အခြေခံစနစ်တွင်သာ အသုံးပြုပါမည်။ ထို့ပြင် Data cookie တစ်ခုကို သင်၏ကွန်ပျူတာပေါ်တွင် သိမ်းဆည်းမည်ဖြစ်ပြီး session ID မျှသာပါဝင်ပါသည် (မည်ကာမတ္တ session cookie တစ်ခု)။ ဤ Data cookie သည် သင်၏ session ပြီးဆုံးချိန်အထိသာ အကျုံးဝင်ပြီး သင်၏ အင်တာနက်စာမျက်နှာကို ပိတ်လိုက်သောအခါ သက်တမ်းကုန်ဆုံးပြီ ဖြစ်သည်။ Data cookie တွင် session ကိုဖန်တီးရန် လိုအပ်သော ကျပန်းထုတ်ပေးသောတန်ဖိုးတစ်ခုနှင့် session id အမည် JSESSIONID သာပါဝင်သည် (သတင်းပေးသူအားဖော်ထုတ်နိုင်သည့် နောက်ထပ်သတင်းအချက်အလက် မပါဝင်ပါ)။ session များဖန်တီးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်သုံးထားပြီး client-server တည်ဆောက်မှုတွင် ၎င်းသည် အကောင်းဆုံးလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ သင်အကောင့်မှထွက်ပါက သို့မဟုတ် အချိန်ကန့်သတ်ချက်သို့ရောက်ရှိပါက cookie သည် အကျုံးမဝင်တော့ဘဲ session ကို ပယ်ဖျက်လိုက်သည် (ပိတ်လိုက်သည်)။ ၎င်းကို cookie ကိုယ်တိုင်က session တန်ဖိုးအား "သုည" (မသတ်မှတ်ထားသည့်အခြေအနေ) သတ်မှတ်ခြင်းဖြင့် လုပ်ဆောင်လိုက်သည်။ ဤအချိန်၌ session ကို ထပ်မံဖွင့်၍ မရနိုင်တော့ပါ။ ဖော်ပြထားသောရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သင်၏ဒေတာများကိုစီမံဆောင်ရွက်ရန် လုပ်ပိုင်ခွင့်ရှိသည်၊ ၎င်းသည် အပိုဒ်ခွဲ 6 (1) f) GDPR ကို အခြေခံသည်။
အမည်မဖော်ပြဘဲ သို့မဟုတ် အမည်ဖော်ပြ၍အစီရင်ခံစာတင်ပြခြင်း
မည်သည့်ဆက်သွယ်ရေးချယ်နယ်လမ်းကြောင်းကို သင်အသုံးပြုသည်ဖြစ်စေ၊ သင်၏အစီရင်ခံစာကိုအမည်မဖော်ပြဘဲ (သို့) အမည်ဖော်ပြ၍ တင်ပြနိုင်သည်။ သင်သည် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားလျှင် သို့မဟုတ် သင်မည်သူဖြစ်ကြောင်း ရည်ရွယ်ချက်ရှိရှိ ပြသထားလျှင် ကျွန်ုပ်တို့က သင်မည်သူဖြစ်ကြောင်းကို လုပ်ထုံးလုပ်နည်းအရ အဖွဲ့စည်းအတွင်း၌ သို့မဟုတ် တရားရေးပြင်ပအဆင့်များအားလုံးတွင် လျှို့ဝှက်ထိန်းသိမ်းထားမည်ဟု သင့်ကိုအသိပေးလိုသည်။ ကျေးဇူးပြု၍ သိထားရမည်မှာ အခြေခံစည်းမျဉ်းအားဖြင့် ဥပဒေကန့်သတ်ချက်အရ စွပ်စွဲခံရသူများအား ၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အစီရင်ခံစာတစ်စောင်ရရှိထားကြောင်းကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများအား ခြိမ်းခြောက်မှုမရှိပါက အကြောင်းကြားရန် လိုပါသည်။ ဤသို့ပြုလုပ်ရာတွင် သတင်းပေးတိုင်ကြားသူအဖြစ် သင် မည်သူမည်ဝါဖြစ်ကြောင်းကို ဥပဒေကြောင်းအရ ဖြစ်နိုင်သလောက် ထုတ်ဖော်ပြသခြင်းမပြုပါ။ အစီရင်ခံစာ၏ ဆက်စပ်အခြေအနေများတွင် သင်သတိရှိရှိနှင့် ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ရန်ဆုံးဖြတ်ပါက ဒေတာစီမံခန့်ခွဲမှုသည် အပိုဒ်ခွဲ 6 (1) a) GDPR နှင့်အညီ သင်၏သဘောတူညီချက်အပေါ်တွင် အခြေခံသည်။ သင်၏သဘောတူညီချက်ကို ပြန်ရုပ်သိမ်းနိုင်သည်၊ သို့သော် အကြောင်းကြားပြီးနောက် တစ်လအတွင်းသာ ရပါမည်။
ဝက်ဆိုဒ်အခြေပြု BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း ) ၊ လုံခြုံသောစာတိုက်ပုံး သို့မဟုတ် အခြားဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့် အစီရင်ခံစာတင်သွင်းခြင်း
BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း ) မှတစ်ဆင့် အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်းစနစ်၊ လုံခြုံသော စာတိုက်ပုံး သို့မဟုတ် အခြားဆက်သွယ်ရေးလမ်းကြောင်းများတွင် ကိုယ်ရေးကိုယ်တာဒေတာများအား စီမံခြင်းသည် မလျော်မကန်ပြုမှုကို ရှာဖွေကာကွယ်ရန်နှင့် DPDHL ၊ ၎င်း၏ဝန်ထမ်းများနှင့်ဖောက်သည်များကို ထိခိုက်စေခြင်းမှရှောင်ရှားရန်အလို့ငှာ ကျွန်ုပ်တို့ကုမ္ပဏီ၏ တရားဝင်အကျိုးစီးပွားအပေါ် အခြေခံ၍ပြုမူသည်။ အပိုဒ်ခွဲ 6 (1) f) GDPR သည် ရရှိနိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဤဒေတာစီမံဆောင်ရွက်မှုအတွက် တရားဝင်သည့်အခြေခံအဖြစ် အကျုံးဝင်သည်။
BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း )တွင် တစ်ဦး ချင်းရွေးချယ်ထားသော နာမည်ဝှက်/ အသုံးပြုသူအမည်နှင့် စကားဝှက်ဖြင့်ဖန်တီးထားသော လုံခြုံစိတ်ချရသောစာတိုက်ပုံးတစ်ခုကို တပ်ဆင်နိုင်သည်။ အကောင်းဆုံးအမည်ဝှက်အဆင့်ကို ရရှိရန် သင်သည် သင်မည်သူမည်ဝါဖြစ်ကြောင်းကို ကောက်ချက်မချနိုင်မည့် ကလောင်အမည်တစ်ခုကို ရွေးရမည်။ ၎င်းသည် သင့်အစီရင်ခံစာသို့ ဖြည့်စွက်ချက်များပေးပို့စေနိုင်ပြီး အစီရင်ခံတင်ပြမည့်ကိစ္စနှင့် စပ်လျဉ်း၍ DPDHL မှတာဝန်ရှိဝန်ထမ်းနှင့် ဆက်သွယ်စေနိုင်မည်ဖြစ်သည်။ အမည်အားဖြင့် ခွဲခြားသတ်မှတ်နိုင်ရန်လည်း ဆက်လက်ရွေးချယ်နိုင်သည်။ လုံခြုံစိတ်ချရသောစာတိုက်ပုံးစနစ်သည် အဖြစ်အပျက်အားအစီရင်ခံခြင်းစနစ်အတွင်း၌သာ အချက်အလက်များကို သိမ်းဆည်းပေးသဖြင့် ၎င်းကိုအထူးလုံခြုံစေသည်။ ၎င်းသည် ပုံမှန်အီးမေးလ်ဆက်သွယ်မှုပုံစံ မဟုတ်ပါ။ “ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာဒေတာများကို မည်မျှကြာအောင် သိမ်းဆည်းထားသနည်း” ဆိုသည့် ကဏ္ဍတွင် ဖော်ပြထားသည့် ယေဘုယျ ဖျက်ပစ်ခြင်းသဘောတရားအရ ကိုယ်ရေးကိုယ်တာဒေတာများကို လုံခြုံသောစာတိုက်ပုံးမှ ဖျက်ပစ်လိမ့်မည်။ အစီရင်ခံထားသောကိစ္စတစ်ခုကို ပိတ်လိုက်ပြီးနောက် လုံခြုံသောစာတိုက်ပုံးအားအသုံးမပြုဘဲရက်ပေါင်း 180 အကြာတွင် လုံးဝဖျက်ပစ်လိမ့်မည်။
အစီရင်ခံစာတစ်ခုတင်သွင်းသည့်အခါ (သို့) ထပ်ဆင့်တင်ပြသည့်အခါ အချက်အလက်များကို ပူးတွဲဖိုင်များဖြင့် တစ်ပြိုင်နက် ဖြည့်စွက်နိုင်သည်။ သင် အမည်မသိအစီရင်ခံစာတင်သွင်းလိုလျှင် အောက်ပါလုံခြုံရေးအကြံပေးချက်ကို သတိပြုပါ- ဖိုင်များတွင် သင်၏အမည်ဝှက်ခြင်းကို ထိခိုက်စေနိုင်သော လျှို့ဝှက် ကိုယ်ရေးကိုယ်တာဒေတာများ ပါဝင်နိုင်သည်။ မပေးပို့မီ ဤဒေတာကို ဖယ်ရှားပါ။ သင် ဤဒေတာများကို မဖယ်ရှားနိုင်လျှင် သို့မဟုတ် မည်သို့လုပ်ဆောင်ရမည်ကို သေချာမသိလျှင် သင်၏ပူးတွဲဖိုင်စာသားကို သင်၏အစီရင်ခံစာ စာသားထဲသို့ ကူးယူပါ သို့မဟုတ် ကနဦးအစီရင်ခံဖြစ်စဉ်အဆုံးတွင် လက်ခံရရှိထားသော ရည်ညွှန်းနံပါတ်ကို ကိုးကားလျှက် ပုံနှိပ်စာရွက်စာတမ်းကို စာရွက်၏အောက်ခြေ၌ ပေးထားသောလိပ်စာသို့ အမည်မဖော်ပြဘဲ ပေးပို့လိုက်ပါ၊ အစီရင်ခံစာများကို အခြားချန်နယ်များမှတစ်ဆင့်လည်း တင်ပြနိုင်သည် (ဥပမာ၊ စာ၊ အီးမေးလ် စသည်ဖြင့်)။ အဆိုပါအစီရင်ခံစာများကို ဆက်လက်လုပ်ဆောင်ရန်အတွက် BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း )သို့ လူကိုယ်တိုင်ဆက်လက်လွှဲပြောင်းလိမ့်မည်။
တယ်လီဖုန်းမှတစ်ဆင့် အစီရင်ခံစာတင်သွင်းခြင်း
သင်၏အစီရင်ခံစာကို တယ်လီဖုန်းမှတစ်ဆင့်တင်သွင်းသည့်အခါ သင်၏အမည်ဝှက်ခြင်းကိုလည်း BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း )က ကာကွယ်ပေးပါမည်။ DPDHL နှင့် EQS Group တို့သည် သင်၏တယ်လီဖုန်းနံပါတ်ကို ရယူနိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင့်အသံဖြင့်လည်း သင့်ကိုခွဲခြားသတ်မှတ်မည် မဟုတ်ပေ။ သင်၏အဖြစ်အပျက်ဖော်ပြချက်ကို BKMS® System (အဖြစ်အပျက်မှတ်တမ်းအစီရင်ခံခြင်း ) တွင် အသံသွင်းထားပါလိမ့်မည်။ သင်ပြောဆိုသောစကားအား အသံသွင်းထားရန်သဘောတူမှသာ တယ်လီဖုန်းမှတစ်ဆင့်အစီရင်ခံတင်ပြခြင်းကို လုပ်ဆောင်၍ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ထောက်ပြလိုပါသည်။ ထို့နောက် စကားဝှက်နည်းဖြင့် လုပ်ထားသောအသံဖိုင်ကို တာဝန်ရှိ DPDHL ဝန်ထမ်းမှ စာဖြင့်ကူးယူပါသည်။ သင်၏အစီရင်ခံတင်ပြမှုကို အသံသွင်းရန်နှင့် စာဖြင့်ကူးယူခြင်းအတွက် တရားဝင်အခြေခံသည် အပိုဒ်ခွဲ 6 (1) a) GDPR အရ သင်၏သဘောတူညီချက်ပေါ်တွင် မူတည်သည်။ တယ်လီဖုန်းမှတဆင့်အစီရင်ခံစာတင်သွင်းခြင်းသည် မိမိဆန္ဒအလျောက်သာ ဖြစ်သည်။ သင်သည် အသံသွင်းထားခြင်းကို ဆန္ဒမရှိပါက အခြားကမ်းလှမ်းထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သင်၏အစီရင်ခံစာကိုတင်ပြရန် ဖိတ်ခေါ်ပါသည်။ သင်၏အစီရင်ခံစာအား ပြုစုခြင်းပြီးစီးသွားသည့်အခါ အသံဖိုင်ကို ချက်ချင်းဖျက်ပစ်ပါမည်။
တယ်လီဖုန်းဖြင့်အစီရင်ခံတင်ပြမှုအဆုံး၌ လုံခြုံစိတ်ချရသောစာတိုက်ပုံးတစ်ခုကို သင် တပ်ဆင်ပြီးပါက DPDHL ၏တာဝန်ရှိဝန်ထမ်းတစ်ဦး၏ အသံဖမ်းယူမှုပုံစံဖြင့် တုံ့ပြန်ချက်တစ်ခုကို လက်ခံရရှိနိုင်ပြီး လိုအပ်ပါက သင့်အစီရင်ခံစာထဲသို့ လိုအပ်သောသတင်းအချက်လက်ကို ထပ်မံထည့်သွင်းနိုင်သည်။ တစ်နည်းအားဖြင့် သင်သည် သင်၏လုံခြုံသောစာတိုက်ပုံးကို ဝဘ်အပ်ပလီကေးရှင်းမှတစ်ဆင့်ကြည့်နိုင်သည်၊ တုံ့ပြန်ချက်ကိုပြန်လည်သုံးသပ်နိုင်ပြီး စာဖြင့်ရေးသားသည့် ဖောင်ပုံစံဖြင့် ဖြည့်စွက်ချက်များကို ဖြည့်သွင်းနိုင်သည်။ သင်၏အစီရင်ခံစာ (သို့) ဖြည့်စွက်ချက်ကို ကာကွယ်ရန်အလို့ဌာ သင်၏တယ်လီဖုန်းနှင့်ဖြစ်စေ၊ ဝက်ဘ်ဆိုက်အခြေပြု လုံခြုံသည့်စာတိုက်ပုံးတွင်ဖြစ်စေ သင်နားထောင်၍ မရနိုင်ပါ။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာဒေတာများကို မည်မျှကြာအောင် သိမ်းဆည်းထားသနည်း?
အခြေအနေအားရှင်းလင်းရန်နှင့် အစီရင်ခံစာ (သို့မဟုတ်) ကုမ္ပဏီ၏တရားဝင် အခြားအကျိုးစီးပွားရှိနေကြောင်း အကဲဖြတ်ရန်၊ သို့မဟုတ် ဥပဒေအရ အကဲဖြတ်ရန် လိုအပ်သရွေ့ ကိုယ်ရေးကိုယ်တာဒေတာများကို သိမ်းဆည်းထားပါမည်။ အစီရင်ခံစာပြုစုမှုအပြီးတွင် ဤဒေတာကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ ဖျက်ပစ်သည်။ အစီရင်ခံလာသည့်စိုးရိမ်ချက်သည် အခြေအမြစ်မရှိဟုယူဆရပြီး စုံစမ်းစစ်ဆေးရန်မလိုအပ်ပါက ထိုအစီရင်ခံစာမှ ကျွန်ုပ်တို့ရရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ချက်ချင်းဖျက်ပစ်သွားပါမည်။ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လုပ်ဆောင်ပါက အခြားလုပ်ထုံးလုပ်နည်းများ၊ အထူးသဖြင့် စည်းကမ်းထိန်းသိမ်းရေး သို့မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းပြုလုပ်ရန် ဆက်လက်ထိန်းသိမ်းထားရမည့်အချိန်တစ်ခု လိုအပ်ခြင်းမရှိပါက သို့မဟုတ် ဒေသဆိုင်ရာဥပဒေကခွင့်ပြုထားခြင်းမဟုတ်ပါက စုံစမ်းစစ်ဆေးမှုအပြီးတွင် နှစ်လအတွင်းဖျက်ပစ်လိမ့်မည်။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာဒေတာများကို မည်သို့လုံခြုံအောင် ထားရှိသနည်း?
သင်၏ကွန်ပျူတာနှင့် အဖြစ်အပျက်သတင်းပို့စနစ်တို့အကြား ဆက်သွယ်ရေးသည် အသွင်ဝှက်ထားသောဆက်သွယ်မှု (SSL) မှတစ်ဆင့် ဖြစ်ပေါ်သည်။ အစီရင်ခံသည့်စနစ်ကို သင်အသုံးပြုနေစဉ် သင်၏ IP လိပ်စာကို သိမ်းဆည်းထားမည်မဟုတ်ပါ။
ကိုယ်ရေးကိုယ်တာဒေတာများကို လက်ဆင့်ကမ်းသွားမှာလား?
တင်သွင်းလာသော အစီရင်ခံစာများကို လိုက်နာစောင့်ထိန်းရေးဌာန (သို့) DPDHL ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနရှိ သီးသန့်ခွင့်ပြုချက်ရ အထူးလေ့ကျင့်ထားသော လက်ရွေးစင် ဝန်ထမ်းအနည်းငယ်က လက်ခံရယူပြီး အမြဲတမ်းလျှို့ဝှက်စွာ ကိုင်တွယ်ပါသည်။ လိုက်နာစောင့်ထိန်းရေးဌာန (သို့) DPDHL ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနရှိ ဖော်ပြပါ ဝန်ထမ်းများသည် ထိုကိစ္စကို အကဲဖြတ်ပြီး သီးခြားဖြစ်ရပ်အတွက် လိုအပ်သော မည်သည့်စုံစမ်းစစ်ဆေးမှုကိုမဆို လုပ်ဆောင်လိမ့်မည်။ အစီရင်ခံစာတစ်စောင်ကိုစစ်ဆေးခြင်း သို့မဟုတ် အထူးစုံစမ်းစစ်ဆေးခြင်းတစ်ခုပြုလုပ်နေစဉ်တွင် DPDHL ၏နောက်ထပ် ဝန်ထမ်းများနှင့် အစီရင်ခံစာများကို ဝေမျှရန် လိုအပ်နိုင်ပါသည်- ဥပမာ အစီရင်ခံစာများသည် လက်အောက်ခံအဖွဲ့များမှ ဖြစ်ရပ်များကို ရည်ညွှန်းလျှင် သို့မဟုတ် အခြားကျွမ်းကျင်မှုများ လိုအပ်လျှင်။ DPDHL ၏ ဝန်ထမ်းများသည် ကိုယ်ရေးကိုယ်တာဒေတာများ၏ လုံခြုံမှုနှင့်ပတ်သက်၍ မတူကွဲပြားသည့်စည်းမျဉ်းများနှင့် လုပ်ဆောင်သည့် ဥရောပ သမဂ္ဂ သို့မဟုတ် ဥရောပစီးပွားရေးဧရိယာ ပြင်ပရှိနိုင်ငံများတွင် အခြေစိုက်နိုင်ပါသည်။ အစီရင်ခံစာများကိုဝေမျှသည့်အခါ သက်ဆိုင်ရာ ဒေတာကာကွယ်မှုဆိုင်ရာစည်းမျဉ်းများကို ကျွန်ုပ်တို့အမြဲလိုက်နာကြောင်းကို သေချာစီစစ်လုပ်ဆောင်ပါသည်။ အချက်အလက်များရယူခွင့်ရရှိသူအားလုံးသည် လျှို့ဝှက်ချက်ကိုအထူးထိန်းသိမ်းရန် တာဝန်ရှိသည်။
အစီရင်ခံစာများအား ဖော်ပြထားသော အခြားအုပ်စုကုမ္ပဏီများမှ ဝန်ထမ်းများထံသို့လွှဲပြောင်းခြင်းမှာ DPDHL ၏ ဥပဒေနှင့်မညီသော လုပ်ရပ် သို့မဟုတ် ကျင့်ဝတ်ဥပဒေနှင့် ဤနေရာတွင် ဖော်ပြထားသော အခြားမူဝါဒများ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်မှုများကို ဖော်ထုတ်ရန်ဆိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ရခြင်းဖြစ်သည်။ အစီရင်ခံစာများအား လွှဲပြောင်းရန်လိုအပ်သည်မှာ ဥပဒေရေးရာနှင့် ကုမ္ပဏီတွင်းမူဝါဒများနှင့်အညီ လိုက်နာရန် အစီရင်ခံစာမှ သက်ရောက်မှုရှိသော Deutsche Post AG နှင့် ကုမ္ပဏီအုပ်စုများ၏တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် တရားဝင်အခြေခံအားဖြင့် အပိုဒ်ခွဲ 6 (1) f) GDPR သည် အကျုံးဝင်သည်။
တည်ဆဲဥပဒေအရ မလိုအပ်ပါက သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို မည်သည့်ပြင်ပပါတီများထံ ထုတ်ဖော်မည် မဟုတ်ပါ။ တည်ဆဲဥပဒေအရ လိုအပ်ပါက အစီရင်ခံတင်ပြသည့် ဝန်ထမ်းမှာ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးမှု သို့မဟုတ် နောက်ဆက်တွဲ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သော သက်ဆိုင်ရာအာဏာပိုင်များအား သတင်းထုတ်ပြန်ရန် လိုအပ်ပေမည်။
ကျွန်ုပ်တို့၏ကိုယ်စား ဒေတာများကိုစီမံဆောင်ရွက်သော ပြင်ပဝန်ဆောင်မှုပေးသူများသည် အပိုဒ်ခွဲ 28 GDPR အရ တင်းကျပ်သောလျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် စာချုပ်အရ တာဝန်ရှိသည်။ ဝန်ဆောင်မှုပေးသူများသည် နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာအစီအမံများအပြင် စစ်ဆေးမှုများနှင့်ထိန်းချုပ်မှုများဖြင့် အာမခံထားသော ကျွန်ုပ်တို့၏လမ်းညွှန်ချက်များကို လိုက်နာပါသည်။
သက်ဆိုင်သောအချက်အလက်ကာကွယ်ရေးဥပဒေအရ ခွင့်ပြုသောအခါ သင်၏ဒေတာများကို ဥရောပစီးပွားရေးဧရိယာ (EEA) ပြင်ပရှိ အခြား DPDHL ကုမ္ပဏီများ၊ ပြင်ပဝန်ဆောင်မှုပေးသူများ သို့မဟုတ် အများပြည်သူအာဏာပိုင်များထံသို့သာ လွှဲပြောင်းပေးသည်။ ဤသို့သောအခြေအနေများတွင် သင့်ဒေတာများလွှဲပြောင်းမှုအား သေချာစေရန် သင့်လျော်သောအကာအကွယ်များကို ကျွန်ုပ်တို့ အသေအချာ ထားရှိပေးသွားပါမည် (ဥပမာ- ကျွန်ုပ်တို့၏စည်းနှောင်ထားသော ကော်ပိုရေးရှင်းဆိုင်ရာ စည်းမျဉ်းများ၊ စာချုပ်ဆိုင်ရာအပိုဒ်ငယ် စံသတ်မှတ်ချက်များ)။
DPDHL ၏ ဒေတာလုံခြုံရေးမူဝါဒသည် သင်၏ဒေတာများကို စီမံဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏အဖွဲ့လိုက်စံသတ်မှတ်ချက်များကို လိုက်နာစေသည်။
သင်နှင့် အခြားဒေတာနှင့်ဆက်စပ်သူများတွင် မည်သည့် အခွင့်အရေးများ ရှိသနည်း?
ဥရောပအချက်အလက်ကာကွယ်ရေးဥပဒေအရ သင်နှင့် အစီရင်ခံစာ၌ ပါဝင်သောပုဂ္ဂိုလ်များသည် အောက်ပါအခွင့်အရေးများ ရှိသည်-
- သတင်းအချက်အလက်ရယူပိုင်ခွင့်- စီမံဆောင်ရွက်ထားသော သင်၏ကိုယ်ရေးကိုယ်တာဒေတာများနှင့် ပတ်သက်သော အချက်အလက်များတောင်းခံနိုင်သည်။
- ပြင်ဆင်ပိုင်ခွင့်- သင်နှင့်ပတ်သက်သည့် မမှန်ကန်သော အချက်အလက်များအား ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုပိုင်ခွင့် ရှိသည်။
- ကန့်ကွက်ပိုင်ခွင့်- လုပ်ဆောင်ခြင်းကို ကန့်ကွက်ရန် သင့်တွင် အခွင့်အရေးရှိသည်။
- သင်၏သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်- သင်၏သဘောတူညီချက်ကို ပြန်ရုပ်သိမ်းပိုင်ခွင့်ရှိသည်။
- ဒေတာလွှဲပြောင်းပို့ဆောင်ပိုင်ခွင့်- သင်၏ဒေတာကို အခြားကုမ္ပဏီတစ်ခုသို့ ပေးပို့ပိုင်ခွင့်ရှိသည်။
- ဖျက်ပိုင်ခွင့်/မေ့ပစ်ပိုင်ခွင့်- အချို့အခြေအနေများတွင် သင်၏ဒေတာများကို ဖျက်ပစ်ရန် တောင်းဆိုပိုင်ခွင့် ရှိသည်။
- လုပ်ဆောင်ခြင်းကို ကန့်သတ်ပိုင်ခွင့်- သင်၏ဒေတာကို အသုံးပြုသည့်ပုံစံတွင် ကန့်သတ်ချက်ကို တောင်းဆိုပိုင်ခွင့် ရှိသည်။
- ကိုယ်ရေးမှတ်တမ်း အပါအ၀င် အလိုအလျောက်ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် သက်ဆိုင်သောအခွင့်အရေး- အလိုအလျောက်လုပ်ဆောင်ခြင်းကို ပြန်လည်သုံးသပ်ရန် သင်တောင်းဆိုပိုင်ခွင့် ရှိသည်။ ယခုအချိန်တွင် အလိုအလျောက်ဆုံးဖြတ်ချက်ချခြင်း မရှိပါ။
- တိုင်ကြားမှုကို တင်ပြပိုင်ခွင့်- သင့်တွင် ဒေတာအကာအကွယ်ပေးရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံ တိုင်ကြားနိုင်သည့်အခွင့်အရေး ရှိသည်။
ကျွန်ုပ်တို့၏တရားဝင်အကျိုးစီးပွားအပေါ် အခြေခံ၍ ဒေတာစီမံဆောင်ရွက်မှုအတွက် ကန့်ကွက်ပိုင်ခွင့်ကို တောင်းဆိုပါက သင်၏ကန့်ကွက်မှုသည် ထိရောက်မှုရှိမရှိ ချက်ချင်းဆန်းစစ်ပါမည်။ ဤသို့ဖြစ်ပါက ကျွန်ုပ်တို့သည် ဒေတာများကို ဆက်လက်စီမံဆောင်ရွက်တော့မည် မဟုတ်ပါ။
အထက်ပါ အခွင့်အရေးများ (သို့) ဤကိုယ်ရေးလုံခြုံမှုသတိပေးချက်နှင့်ပတ်သက်သော အခြားမေးခွန်းများအပေါ် အခြေခံသည့် သင်၏တောင်းဆိုချက်ကို အထက်ဖော်ပြပါ ဆက်သွယ်ရမည့်သူများထံ တိုက်ရိုက်ပေးပို့နိုင်သည်။
ကိုယ်ရေးလုံခြုံမှုသတိပေးချက်၏အပြောင်းအလဲများ
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ သင်၏ဒေတာများကို စီမံဆောင်ရွက်ခြင်း (သို့) တည်ဆဲဥပဒေရှိ အပြောင်းအလဲများပေါ်မူတည်ပြီး ဤကိုယ်ရေးလုံခြုံမှုသတိပေးချက်အား အချိန်နှင့်တပြေးညီ ပြောင်းလဲရန် ကျွန်ုပ်တို့တွင် အခွင့်အရေးရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုသတိပေးချက်ကို အခါအားလျော်စွာ လာရောက်ကြည့်ရှုရန် အကြံပြုပါသည်။
အခြေအနေ - 01.10.2021